Tailor Made Training

SDM က Client Organization တွေရဲ့ သီးခြားလိုအပ်ချက်အတွေအပေါ်မူတည်ပြီး ဒီဇိုင်းရေးဆွဲသင်ကြားပေးနေပါတယ်။ သင်ခန်းစာ၊ သင်ယူမှုကြာချိန်၊ သင်ယူမှုရည်မှန်းချက်တွေအပြင် Face to Face လား၊ Online လား ကိုပါညှိနှိုင်းနိုင်ပါတယ်။

Tailor-Made Training ဆိုတာဘာလဲ?

သင်တန်းတောင်းဆိုတဲ့အဖွဲ့အစည်းရဲ့သီးခြားလိုအပ်ချက်အပေါ်မူတည်ပြီး အဲဒီလိုအပ်ချက်ကိုဖြည့်ဆီးဖို့ ဦးတည်သင်ကြားတဲ့သင်တန်းတွေကို Tailor-Made Training လို့ခေါ်ပါတယ်။

…………………..

ဘာလို့ Tailor-Made Training တွေကို အဖွဲ့အစည်းတွေက စီစဉ်သင်ကြားပေးသင့်တာလဲ

ဟုတ်ကဲ့ပါ။ ဒီမေးခွန်းလေးကို မေးခွန်းလေးနဲ့ပဲ ပြန်ပြေရမှာပါပဲ။ အခုခေတ်မှာအသင့်ချုပ်ပြီးသား အဝတ်အစားလှလှပပတွေ အရမ်းပေါများလာပါတယ်။ နိုင်ငံပေါင်းစုံကနေလာနေကြတာပါ။ ပြည်တွင်းစက်ရုံပေါင်းများစွာကလည်း ထုတ်လုပ်နေကြပါတယ်။ ဒါပေမယ့် စက်ချုပ်ဆိုင်တွေက အခုထိရှိနေတုန်းပါပဲ။ အလုပ်ဖြစ်နေတုန်းပါပဲ။ အဲဒါဘာလို့ပါလဲ။

ဟုတ်ပါတယ်။ မတူပါဘူး။ ဘယ်လိုပဲ ready made တွေများနေနေ၊ လှနေနေ၊ ကိုယ်နဲ့ကိုက်ညီတာကို ကိုယ်တိုင်ချုပ်ဝန်ရတာလောက် ကွက်တိကျတာမရှိပါဘူး။

အဲဒီသဘောပါပဲ။ သင်တန်းတွေမျိုးစုံဖွင့်နေကြတယ်။ ဒါပေမယ့် အဲဒီဖွင့်တဲ့သင်တန်းတိုင်းက ကိုယ့်အဖွဲ့အစည်းနဲ့ကိုက်ညီမှုဘယ်လောက်ရှိလဲ။ အဲဒီသင်တန်းတွေကိုလွှတ်ပြီးသင်တန်းတက်ခိုင်းဖို့ ကိုယ့်အဖွဲ့အစည်းမှာ သင့်တော်တဲ့သူဘယ်နှယောက်ရှိလဲ။ ပြီးတော့ သင်တန်းကသင်ယူရရှိတာတွေကို ကိုယ့်အဖွဲ့အစည်းမှာ ဘယ်နှရာခိုင်နှုန်းလောက် ပြန်လည်အသုံးချနိုင်မလဲ။ စဉ်းစားစရာပါ။ ဒီလိုကိစ္စတွေကို Tailor -Made Training တစ်ခုစီစဉ်ပေးခြင်းအားဖြင့် ပြေလည်စေနိုင်ပါတယ်။

Tailor-Made Training တောင်းဆိုဖို့အတွက် SDM ရဲ့ Standard Flyer တွေကို အရင်လေ့လာသင့်ပါတယ်။ ဒီ Link Click Here မှာ သွားပြီး SDM ရဲ့ Standard Flyer တွေကိုလေ့လာ၊ Download ရယူနိုင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *