PCM Online Interactive Training

ဘယ်လိုလူတွေနဲ့သင့်တော်လဲ?

၁။ Project Cycle Management အကြောင်းကို ထိထိရောက်ရောက်သင်ယူချင်ပြီး၊ သင်တန်းပြီးတာနဲ့ အတိုင်းအတာတစ်ခုအထိကျွမ်းကျင်သွားချင်သောသူများ

၂။ Interactive သင်ယူရမှ အားရသူများ (ကျွန်တော်/ကျွန်မကတော့ သင်ရင်း စဉ်းစား၊ စဉ်းစားရင်းမေးရတာကိုမှကြေနပ်တာဆိုသူများ)

၃။ Group Discussion များ၊ အခြားသူများ၏ အတွေ့အကြုံများမှ သင်ယူရသည်ကိုစိတ်ဝင်စားသူများ (“Flip-chart တွေနဲ့

စုပေါင်းစဉ်းစားပြီး လက်တွေ့လုပ်ဆောင်ရတာ တကယ်တတ်တာ” လို့တွေးတတ်သူများ)

ဘယ်လိုသင်မှာလဲ?

ဒီသင်တန်းကိုတက်တာက အပြင်မှာ Face to Face training တက်ရတာနဲ့ ၉၀% မကွာခြားအောင်စီစဉ်ထားပါတယ်။ Presentation တွေကို Live သင်မှာဖြစ်ပြီး သင်တန်းသားခြင်း group discussion တွေ၊ ပူးပေါင်းလုပ်ဆောင်ရတဲ့ Exercise တွေကို Online ကနေ Live လုပ်ရမှာဖြစ်ပါတယ်။ Face to Face သင်တန်းမှာလို Flip-chart ကြီးတွေနဲ့ အားရပါးရရေးရတဲ့အရသာမျိုး၊ အကြေအလည်ငြင်းရတဲ့အရသာမျိုးရရမယ်လို့အာမခံပါတယ်။ Game တွေတော့ဆော့လို့မရဘူးပေါ့နော်။ ဒါတောင် တချို့ group challenge တွေကို ကြံဖန်စီစဉ်ထားပါတယ်ဗျ။

သင်တန်းကြေးကရော?

သင်တန်းသားတစ်ဦးကို ၇၀၀၀၀ ကျပ်ပါ။ ဈေးကြီးလိုက်တာလို့ တော့မမြင်စေချင်ပါဘူးဗျ။ ဘာလို့လဲဆိုတော့ ဒီသင်တန်းတစ်ခုအတွက် SDM က တချို့ အသုံးပြုတဲ့ Tools တွေကိုဝယ်ယူရတာဖြစ်ပါတယ်။ ဒါ့အပြင်အားစိုက်ထုတ်မှုကလည်း သင်တန်းဆရာတွေအတွက် Face to Face training တွေထပ်ပိုပါတယ်။ Online Learning Interactive Training ကို တကယ်ပီပီပြင်ပြင်ပါဝင်သင်ယူရတာနဲ့တင်အတော်လေး တန်မှာပါဗျ။ Technical (ကွန်ပြူတာပြဿနာ၊ အသုံးပြုမယ့် Tools) တွေနဲ့ပတ်သက်ပြီး အခက်အခဲမရှိရအောင် Technical Briefing ကို တစ်ရက်ကြိုပေးမှာဖြစ်ပါတယ်။

သင်တန်းတက်ဖို့ဘာတွေလိုအပ်မလဲ?

၁။ တကယ်စိတ်ဝင်စားဖို့ အရေးကြီးဆုံးလိုအပ်ပါတယ်။

၂။ ဒုတိယတစ်ခုကတော့ Internet Connection ပါ။ presentation လုပ်မှာ၊ group discussion တွေလုပ်မှာဖြစ်တဲ့အတွက် Internet Connection အဆင်ပြေဖို့ကတော့ မဖြစ်မနေလိုအပ်ပါတယ်။

၃။ ကွန်ပြူတာ နဲ့ သင်ယူရတာပိုအဆင်ပြေမှာဖြစ်ပါတယ်။ Phone နဲ့လည်းအဆင်ပြေတယ်ဆိုပေမယ့် တစ်လျောက်လုံးဖုန်းနဲ့ဆိုတာထက် ကွန်ပြူတာနဲ့က ပိုပြီး လွယ်ကူနိုင်ပါတယ်။

အောက်နားလေးက Apply Now ဆိုတဲ့ Button လေးကိုနှိပ်ပြီး လျောက်လွှာဖြည့်စွက်လျောက်ထားလိုက်ပါဗျ။

1 thought on “PCM Online Interactive Training”

  1. Pingback: PCM Online Learning Platform – Sustainable Development For Myanmar

Leave a Comment

Your email address will not be published. Required fields are marked *