PCM Online Learning Platform

SDM ရဲ့ PCM သင်တန်းကို Online Training အနေနဲ့ အားတဲ့အချိန် ကိုယ်တိုင်ဝင်လေ့လာနိုင်ဖို့ ဖွင့်လှစ်ထားပါပြီ။ video lessons တွေ၊ Test တွေကိုအခြေပြု သင်ယူလေ့လာရမှာပါ။ Certificate ရယူနိုင်မှာလည်းဖြစ်ပါတယ်။

PCM Online Training မှာအသုံးပြုတဲ့ သင်ခန်းစာ video တွေကိုပဲ ကိုယ်တိုင်လေ့လာပြီး ကိုယ်ကြိုက်တဲ့အချိန်သင်ယူနိုင်အောင် PCM Online Learning Platform ကို ဖန်တီးထားတာဖြစ်ပါတယ်။
👉သင်တန်းကြေးဘယ်လောက်လဲ?
☝️သင်တန်းကြေးက တော့ ၂၅,၀၀၀ ကျပ်ပါပဲ။
☝️သင်ယူမှု video တွေကို လေ့လာပြီး completion test တွေအားလုံးကိုဖြေဆိုပြီးလို့ Certificate လိုချင်တယ်ဆိုရင် Exam တစ်ခုစစ်ပေးမှာဖြစ်ပါတယ်။ စာမေးပွဲကြေး ၁၀,၀၀၀ ကျပ် ပေးသွင်းရမှာဖြစ်ပါတယ်။ အဲဒီ Test ကိုဖြေဆိုပြီး ၇၀% နဲ့အထက် ရရင် Electronic-Certificate ချီးမြှင့်မှာဖြစ်ပါတယ်။
☝️တကယ်လို ၇၀% မရခဲ့ရင် စာမေးပွဲကြေး ၅,၀၀၀ ကျပ် ထပ်မံပေးသွင်းပြီး ဖြေဆိုနိုင်ပါတယ်။ (Certificate မလိုချင်ဘူးဆိုရင် ဒီ process ထဲကိုဝင်စရာမလိုပါဘူး)

👉ဘယ်လိုစီစဉ်ထားပါသလဲ?
☝️သင်ယူမှု video တွေကို PCM Online Learning Platform ဆိုတဲ့ Group လေးတစ်ခုမှာ Unit တွေနဲ့ စုစည်းထားပါတယ်။ Unit တစ်ခုစီက video တွေကို ကိုယ်အားလပ်တဲ့အချိန်မှာ လေ့လာရမှာဖြစ်ပါတယ်။ လေ့လာရင်း နားမလည်တာ၊ မေးခွန်းမေးစရာရှိရင် သက်ဆိုင်ရာ video post ရဲ့ comment မှာမေးရမှာဖြစ်ပါတယ်။ SDM သင်တန်းဆရာတွေက အလျင်းသင့်သလိုဖြေပေးသွားရှင်းပြပေးသွားမှာဖြစ်ပါတယ်။ လေ့လာလို့ Unit တစ်ခုပြီးတဲ့အခါ Unit Completion Test ဖြေကြည့်ရမှာဖြစ်ပါတယ်။
☝️သင်ခန်းစာ video တွေကို Life time access ရမှာဖြစ်ပါတယ်။ ဘယ်အချိန်မဆို ကိုယ်ကြည့်ချင်တဲ့အပိုင်းကို ပြန်ဝင်လေ့လာလို့ရမှာဖြစ်ပါတယ်။

👉သင်ယူဖို့ ဘယ်လောက်အချိန်ကြာနိုင်မလဲ?
☝️သင်ယူဖို့ကြာမြင့်မယ့်အချိန်က သင်ယူသူတစ်ဦးစီအပေါ်မှာပဲမူတည်ပါတယ်။ အကြံပေးချင်တာကတော့ သင်ခန်းစာ video တွေကို ခပ်မြန်မြန် ကြည့်သွားတာထက် မှန်မှန်လေးလေ့လာပြီး ဗီဒီယိုတစ်ခုစီက အကြံပြုတဲ့လေ့ကျင့်ခန်းလေးတွေကို ကိုယ်တိုင်လိုက်လုပ်ကြည့်တာကပိုထိရောက်ပါမယ်။
☝️ကိုယ်လုပ်ထားတာကိုမှန်မမှန်၊ အခြားသူတွေရဲ့ အမြင်သိချင်တယ်ဆိုရင် သက်ဆိုင်ရာ video post မှာ comment အနေနဲ့တင်လို့လည်းရပါတယ်။ SDM သင်တန်းဆရာတွေက အလျင်းသင့်သလို အကြံပြုပေးပါမယ်။ Online training လိုတော့ ဖိဖိစီးစီး လမ်းညွှန် coach လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။

👉PCM Online Learning Platform က ဘယ်လိုလူတွေအတွက်သင့်တော်လဲ?
☝️PCM Online Training ကို အကြောင်းအမျိုးမျိုးကြောင့် တက်ဖြစ်မှာမဟုတ်တာသေချာနေတယ်၊ ပြီးတော့ PCM အကြောင်းလည်း သိထားသင့်တယ်၊ သိထားချင်တယ်လို့တွေးနေတဲ့ လူမှုဖွံ့ဖြိုးရေးနယ်ပယ်က သူတွေအထူးသင့်တော်ပါတယ်။ (PCM Online Training ကို စောင့်ပြီးတက်ချင်တဲ့သူတွေ တက်ရန်မသင့်ပါ။)
☝️PCM သင်တန်းကိုတက်ဖူးပြီးသား သင်တန်းသားဟောင်းတွေသင့်တော်ပါတယ်။ (ယခင်ကသင်တန်းတက်ခဲ့ဖူးပေမယ့် အခု Indicator နဲ့ MoV ဘာကွာလဲမေ့နေတဲ့သူတွေ၊ ကြာရင်မေ့တတ်တာလူ့သဘာဝပါပဲ။ နောက်ထပ်သင်တန်းပြန်တက်မယ့်အစား ဒီ PCM Online Learning Platform မှာဝင်ရောက်လေ့လာသင့်ပါတယ်။)
☝️PCM အကြောင်းကို အတော်အတန် self learning လုပ်ဖူးပြီး Logical framework ကိုလည်းတီးမိခေါက်မိရှိတယ်။ စီမံချက်အတွေ့အကြုံအတော်အတန်ရှိတယ်။ တချို့သီအိုရီသဘောတရားတွေကို ထပ်သိချင်တယ်၊ စနစ်တကျ လေ့လာချင်တယ်၊ Project တစ်ခုကို overview မြင်တတ်သွားချင်တယ် ဆိုရင် သင့်တော်ပါတယ်။

👉ဘယ်လို register လုပ်ရမလဲ?
ဒါကလွယ်ပါတယ်။ အောက်က Go to SDM Page button လေးကိုနှိပ်ပြီး Message ကတဆင့် တက်ချင်ကြောင်းပြောရပါမယ်။ ပြီးရင် သင်တန်းကြေးကို KBZ Pay, KBZ Bank, AYA Bank, CB Bank, CB Pay တစ်ခုခုကနေ ပေးသွင်းရမှာပါ။ ပြီးရင် group ကို ဝင် join လို့ရပါပြီ။

1 thought on “PCM Online Learning Platform”

  1. Pingback: PCM Online Interactive Training – Sustainable Development For Myanmar

Leave a Comment

Your email address will not be published. Required fields are marked *