SDM အဖွဲ့ဆိုတာ…
SDM ကို ၂၀၁၈ ခုနှစ် မတ်လ မှာစတင်ဖွဲ့စည်းခဲ့ပါတယ်။ အတွေ့အကြုံများတဲ့ သူတွေစုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ အခုလက်ရှိအထိ လစာရတဲ့ဝန်ထမ်းမရှိသေးပဲ volunteer based organization အနေနဲ့ရပ်တည်နေပါတယ်။
SDM ၏ အားသာချက်များ …
- မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးရေးကို အမှန်တကယ်လိုလားပြီး လုပ်ဆောင်လိုသူတွေဖြစ်တယ်။
- SDM က အတွေ့အကြုံအလွန်များတဲ့ သင်တန်းဆရာများကို ပိုင်ဆိုင်ထားပါတယ်။
- Process Facilitation နဲ့ပတ်သက်ပြီး ကျွမ်းကျင် Facilitator များရှိပါတယ်။
- Founder အားလုံးက လူလတ်ပိုင်းတွေဖြစ်တဲ့အတွက် အတွေးအမြင်တွေဆန်းသစ်သလို အသစ်အသစ်တွေ လုပ်ဆောင်လိုစိတ်ပြင်းပြတယ်။
- အရပ်ဖက်အဖွဲ့အစည်းများ၊ NGO ၊ INGO များနှင့်သာမကဘဲ အစိုးရဌာနများ ကုမ္မဏီတွေရဲ့ CSR Program များနှင့် ပါ လက်တွဲလုပ်ဆောင်ဖူးတဲ့ အတွေ့အကြုံတွေ အများကြီးရှိတယ်။
SDM ၏ တန်ဖိုးထားမှုများ (Values of SDM)
- စစ်မှန်မှု (Genuineness)
- ရလဒ်အခြေပြုခြင်း (Result Oriented)
- ဆန်းသစ်တည်ထွင်မှု (Innovation)